Myanmar Engineering Society [MES]

www.mes.org.mm

AFEO Mid Term Meeting သို့သွားရောက်ခြင်း

၂၀၁၇ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်မှ(၁၈)ရက်နေ့အထိ စကာင်္ပူနိုင်ငံတွင် ကျင်းပမည့် AFEO Mid Term Meeting သို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌဦးအောင်မြင့် ဦးဆောင်ပြီး ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးလင်း၊ ဒေါ်ခင်စန္ဒာထွန်း၊ အထွေထွေအတွင်းရေးမှူးဦးတင်လတ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဒေါ်ကြည်ကြည်ပြုံး၊ ဒေါက်တာယဉ်ယဉ်ထွန်း၊ ဦးစိုးမြင့်၊ ဗဟိုအလုပ်အလုပ်အမှုဆောင်ဒေါက်တာမြမြခိုင်၊ ဗဟိုကော်မတီဝင်ဦးအောင်သက်ပိုင်နှင့် မျိုးဆက်သစ်အင်ဂျင်နီယာ မမြဝတ်ရည် တို့ အဖွဲ့သည် ဇူလိုင်လ (၁၅)ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှခရီးထွက်ခွာသွားကြပါသည်။