World Engineers Convention (WEC 2019), World Federation of Engineering Organizations (WFEO) နှင့် Federation of Engineering Institute of Asia Pacific (FEIAP) အစည်းအဝေးများသို့ တက်ရောက်ခြင်း

သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် နိုဝင်ဘာလ(၁၈)ရက်နေ့မှ (၂၄)ရက်နေ့ထိ ပြုလုပ်ကျင်းပမည့် World Engineers Convention (WEC 2019), World Federation of Engineering Organizations (WFEO) နှင့် Federation of Engineering Institute of Asia Pacific (FEIAP) အစည်းအဝေးများသို့ တက်ရောက်ရန် အတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌဦးအောင်မြင့် ဦးဆောင်ပြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်စန္ဒာထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဦးဝင်းနိုင်၊ ဗဟိုကော်မတီဝင်ဒေါ်ယဉ်ယဉ်ဆွေနှင့် မြန်မာနိုင်ငံမြို့ပြအင်ဂျင်နီယာများအသင်း ဥက္ကဋ္ဌဒေါက်တာအောင်ကျော်မြတ်တို့ လိုက်ပါ၍ နိုဝင်ဘာလ(၁၆)ရက်နေ့က TG 306 လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ည(ရး၃၀) နာရီတွင် ခရီးထွက်ခွာကြရာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်ဌေးဌေးဝင်း လိုက်ပါပို့ဆောင်နှုတ်ဆက်ကြောင်း သတင်းရရှိပါသည်။