မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံ(၂၀၂၅) ဖိတ်ကြားလွှာ

Sunday, 26 January, 2025 - 09:00 to 12:00

  • ­မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံ (၂၀၂၅)အခမ်းအနားသို့ မည်သူမဆို တက်ရောက်နိုင်ပါသည်။

  • ­နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံသို့ လူကိုယ်တိုင်ဖြစ်စေ၊ Online (Zoom Platform) မှဖြစ်စေ အချိန်ပြည့်တက်ရောက်ကြသော Fed.MES Member (သက်တမ်းရှိသူ)များ CPD hrs. ရရှိမည်ဖြစ်ပါသည်။ 

  • Registration ကြိုတင်ပြုလုပ်ထားသော သူများသာ CPD hrs ရရှိပါမည်။

  • ညီလာခံသို့ လူကိုယ်တိုင်ဖြစ်စေ၊ online မှ ဖြစ်စေ တက်ရောက်လိုသော အသင်းဝင်များအနေဖြင့် Registration Link တွင် အချက်အလက်များ ဖြည့်စွက်၍ ၂၅-၁-၂၀၂၅ ရက်  (စနေနေ့) ညနေ (၃း၀၀)နာရီ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးရမည် ဖြစ်ပါသည်။

  • လူကိုယ်တိုင်တက်ရောက်လာသူများသည် CPD hrs အတွက် အသင်းဝင်ကတ်ပြား / ငွေသွင်းချလန် ပြရပါမည်။

  • လူကိုယ်တိုင်တက်ရောက်သူများအခမ်းအနားပြီးသည်နှင့် CPD hrs. လက်မှတ်ချက်ချင်းရရှိပါမည်။

  • ညီလာခံသို့ လူကိုယ်တိုင်တက်ရောက်လာသူများအား ကော်ဖီ၊ မုန့်၊ ခေါက်ဆွဲကြော်/ ကြာဇံကြော် ဖြင့် တည်ခင်းဧည့်ခံပါမည်။

  • Online မှ တက်ရောက်သူများသည် Video အချိန်ပြည့်ဖွင့်၍ တက်ရောက်ရမည်ဖြစ်ပြီးတက်ရောက်ကြောင်းကို မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်ဘက်မှ Video Recording ပြုလုပ်ထားမည် ဖြစ်ပါသည်။ CPD hrs. ရရှိကြောင်းကို Email ဖြင့် အကြောင်းပြန်ကြားပေးမည် ဖြစ်ပါသည်။

https://us06web.zoom.us/meeting/register/qFCyav98S0evGNto5u28zA
https://docs.google.com/forms/d/e/1FAIpQLScrMHnSiT2OwMoNt_Jzootz9V5Xfz0gKcr0BXFj4oMWsHogCQ/viewform?usp=dialog