- Fri, 31 Jul 2026 - 10:47
- Event Highlights
မြန်မာ့ဒီဂျစ်တယ်အနာဂတ်အတွက် အင်ဂျင်နီယာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနှင့် စီးပွားရေးအသိုက်အဝန်းတိုမှ ပါဝင်ဆွေးနွေးသည့် iCEEt 2026 ညီလာခံ ကျင်းပ
ရန်ကုန် ဇူလိုင် ၂၆
မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အနာဂတ်၊ AI နည်းပညာ အသုံးချမှုနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု များအတွက် အင်ဂျင်နီယာ၊ ICT နှင့် စီးပွားရေးကဏ္ဍ အသီးသီးမှ ပြည်တွင်း/ပြည်ပ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးသည့် "iCEEt 2026" ညီလာခံကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ချက်ထရိယံဟိုတယ်၌ ကျင်းပသည်
ဦးစွာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌဦးခင်မောင်ဌးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထိုနောက် စက်မှုနှင့် အသေးစား၊အငယ်စား၊အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံဖြိုး တိုးတက် ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါက်တာချာလီသန်း ပေးပိုသည့် ဗီဒီယိုမိန့်ခွန်း ကလစ်ကို ဖွင့်လှစ်ပြသသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာနေခြည်လဲ့လဲ့သိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့အစည်းများအဖွဲချုပ်မှပေးပိုလာသည့် ကမ္ဘာအင်ဂျင်နီယာ ဆိုင်ရာဦးဆောင်မှု နိုင်ငံတကာ AIအုပ်ချုပ်မှုနှင့် ဒီဂျစ်တယ်အနာဂတ်ကိုပုံဖော်ရာတွင် အင်ဂျင်နီယာ အသိုက်အဝန်း၏အခန်းကဏ္ဌ ကို ဖွင့်လှစ်ပြသသည်။
ထို့နောက်(FEIAP)ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအောင်ကျော်မြတ်၊ အင်ဂျင်နီယာပညာရေး ကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်မင်းအောင်နှင့် တာဝန်ရှိသူများက အာရှ-ပစိဖိတ်အင် ဂျင်နီယာကဏ္ဍအခြေအနေ၊ ဒေသတွင် AI စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် FEIAP၏ မျှော်မှန်း ချက်၊ ရပ်ဝန်းနှင့် လမ်းကြောင်းတစ်လျှောက် AIဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတွင်း ဒီဂျစ်တယ်ချိတ်ဆက် မှုနှင့် မြန်မာနိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ခွင့်ဆိုင်ရာများကို ဆွေးနွေးပြောကြားကြသည်။
ယင်းနောက် မြန်မာနိုင်ငံ၏ AIအသင့်ဖြစ်မှု အင်ဂျင်နီယာဆိုင်ရာ ဂေဟစနစ်တည်ဆောက်ခြင်း ၊ ဆန်းသစ်တီထွင်မှု၊ တိုးတက်မှုနှင့် လွှမ်ခြုံမှုပါသော ဒီဂျစ်တယ်စီးပွားရေးကို မောင်းနှင်းခြင်း၊ မြန်မာဒီဂျစ်တယ်အပြောင်းအလဲ စုပေါင်းမျှော်မှန်းချက်နှင့် ကြိုးပမ်းအားထုတ်မှုခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ စီးပွားရေးလုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးစွန့်ဦး တီထွင်ကွန်ရက်မှ တာဝန်ရှိသူတို့က AI စက်မှုလုပ်ငန်းအသင့်ဖြစ်မှု၊ ဒီဂျစ်တယ်လုပ်သား အင်အား မျိုးဆက်တည်ဆောက်ရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာစုစည်းထားသော ICT ကဏ္ဍ၏ အမြင်၊ အင်ဂျင်နီယာ လုပ်သား အင်အားတည်ဆောက်ရေးနှင့် AIခေတ်တွင် သိပ္ပံနှင့် နည်းပညာစွမ်းဆောင်ရည်မြှင့်တင်ရေး၊ AIအထောက်အကူပြုမူဝါဒနှင့် ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးရေးတွင် အစိုးရ၏ အခန်းကဏ္ဍ၊ မြန်မာပုဂ္ဂလိကဏ္ဍတွင် AIအသုံးပြုမှု၊ ဒီဂျစ်တယ်အပြောင်းအလဲဆိုင်ရာ စိန်ခေါ်မှုများနှင့် ဒီဂျစ်တယ် စီးပွားရေးတွင် စီးပွားရေးအသိုက်ဝန်း၏ အခန်းကဏ္ဍ၊ လူငယ်များ ဦးဆောင်သော ဒီဂျစ်တယ် ဆန်းသစ်မှု၊ Startup ဂေဟစနစ်ဖွံ့ဖြိုးတက်မှုင့် မြန်မာ့AI အပြောင်းအလဲတွင် နောက်မျိုးဆက်များ၏ အခန်းကဏ္ဍ၊ MSME ဖွံဖြိုးတိုးတက်ရေး၊ လူငယ်နှင့် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၏ ဒီဂျစ်တယ်နည်းပညာ ကဏ္ဍတွင် ပါဝင်ဆောင်ရွက်မှုနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာများကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစသည့် အကြောင်းအရာများကို ဆွေးနွေးကြသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေးက အစိုးရ၊ တက္ကသိုလ်၊ စက်မှုလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း အဖွဲ့အစည်းများ အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေကြမည်ဖြစ်ပြီး AI ခေတ်နှင့် ကိုက်ညီသော အင်ဂျင်နီယာများကို ခေတ်မီပညာရေး၊ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးနှင့် တစ်သက်တာသင်ယူမှုမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်စေကာ လူငယ်အင်ဂျင်နီယာများနှင့် စွန့်ဦးတီထွင်သူများကို အားပေးင Innovation နှင့် Entrepreneurship ကို မြှင့်တင်ကြပြီး Artificial Intelligence ကို ကျင့်ဝတ်၊ လုံခြုံမှုနှင့် လူမှုအကျိုးပြု ရည်ရွယ်ချက်ကို အသုံးချကာ WFEO၊ FEIAP နှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ Digital Economy Roadmap 2030 ကို အကောင်အထည်ဖော်ရာတွင် အတူတကွ ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ခရီးစဉ်ရဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါစေလို ဆန္ဒပြုရင်း မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟုပြောသည်။ (သတင်းစဉ်)